ယခုအပတ် ဓါတ်ပုံသတင်း
မြန်မာရေတပ် သင်္ဘောများအား စစ်တွေ ဆိပ်ကမ်းတွင် ဆိပ်ကပ်ထားစဉ်။ အဆိုပါ စစ်သင်္ဘောများကို ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင်ပိုင်နက် အငြင်းပွားပြီးနောက် စစ်တွေ ဆိပ်ကမ်းသို့ ယူဆောင်လာခြင်း ဖြစ်သည်။
အောက်တိုဘာလထုတ် အာရကန်ပို့(စ်)ထွက်ပြီ
Narinjara Calendar 2008
တရားမ၀င် လူကုန်ကူးသူ ၄ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံရ
11/20/2008
မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တရားမ၀င် လူကုန် ကူးသူလူ၎ ဦးကို လွန်ခဲ့သည့် အောက်တိုဘာလ နောက်ဆုံး ပတ်တွင် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အပြည့်အစုံသို့
လူမျိုးစုခေါင်းဆောင် ၂ ဦးနောက်ထပ် အသတ်ခံရ
11/18/2008
ဘင်္ဂလာဒေခ်ျ့နယ် စစ်တကောင်းတောင်တန်းနယ်မှ နောက်ထပ် လူမျိုးစုခေါင်းဆောင်နှစ်ဦးကို ရခိုင်လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ယမန်နေ့က ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်။ အပြည့်အစုံသို့
စစ်သင်္ဘောများ စစ်တွေတွင် ဆက်လက် ရှိနေဆဲ
11/18/2008
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရေတပ်သင်္ဘော အများအပြားကို ဆက်လက် ဆိပ်ကပ်ထားဆဲ ဖြစ်ပြီး တချို့ စစ်သဘောင်္များမှာ မြစ်ပြင်တွင် ခုတ်မောင်း သွားလာနေကြကြောင်း သတင်းရရှိသည်။
အပြည့်အစုံသို့
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒေသခံ မာရမာ လူကြီးတဦး မြန်မာနယ်စပ် အနီးတွင် ပစ်သတ်ခံရ
11/17/2008
မောင်အေး (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ်မှ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးတဦးကို အမည်မသိ လက်နက်ကိုင် လူတစုမှ ယနေ့ နေ့လည်က မြန်မာနယ်စပ် အနီး မော်တုတ်ကြီးကျေးရွာတွင် လာရောက်ပစ်သတ်သွားခဲ့သည်။ အပြည့်အစုံသို့
နယ်နိမိတ် သတ်မှတ်ရေး ဖြေရှင်းပြီးသည်အထိ မြန်မာ့ဘက်မှ ဓာတ်ငွေ့စမ်းသပ်ရှာဖွေမှုကို ရပ်တန့်ထားရန် ဘင်္ဂလာဘက်က တောင်းဆို
11/17/2008
သျှင်ထွီးခိုင် (နိရဉ္စရာ) မြန်မာဘင်္ဂလာနှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ရေပြင်နယ်နိမိတ်သတ်မှတ်ရေးပြဿနာ ကို နိုင်ငံတကာ ပင်လယ်ရေကြောင်း သတ်မှတ်ရေး ဥပဒေအတိုင်း ကမ္ဘာ့ ကုလသမဂ္ဂမှ ကြားဝင် ဖြေရှင်းပေးပြီးသည့် အထိ မြန်မာဘက်မှ ဓာတ်ငွေ့စမ်းသပ်ရှာဖွေမှုကို ရပ်တန့်ထားရန် ဘင်္ဂလာဘက်မှ ယမန်နေ့ အစည်းအဝေးတွင် တောင်းဆိုလိုက်ကြောင်း သိရသည်။ အပြည့်အစုံသို့
ရေပြင်ပိုင်နက် အငြင်းပွားမှု ဘင်္ဂလာ-မြန်မာ ဆွေးနွေးပွဲ ယနေ့ စတင်မည်
11/16/2008
မောင်အေး(နိရဉ္စရာ) မြန်မာနှင့်ဘင်္ဂလာ ရေပြင်ပိုင်နက် အငြင်းပွားမှုကို နှစ်နိုင်ငံ ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ဒက္ကားမြို့တွင် ကျင်းပမည့် နှစ်ဘက်နိုင်ငံ ကျွမ်းကျင်သူများကော်မီတီ ဆွေးနွေးပွဲတွင် စတင် ဖြေရှင်းမည် ဖြစ်သည်။ အပြည့်အစုံသို့
ကော့ဘဇားမြို့ရှိ သမိုင်းဝင်သာသနိကမြေရှိ စေတီတော်ကို ဒီဇင်္ဘာ ၁၀ ရက်နေ့တွင် ပြန်လည် တည်ဆောက်မည်
11/15/2008
ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့ရှိ ကျူးကျော်သူများ ထံမှ ပြန်လည် ရရှိခဲ့သော သာသနိကမြေတွင် စေတီတော်တဆူကို လာမည့် ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင် စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အပြည့်အစုံသို့
မြန်မာ-ဘင်္ဂလာ ရေပိုင်နက် အငြင်းပွားမှု နောက်ကွယ်က အကြောင်းအရာများ
11/15/2008
၂၀၀၈ ခုနှစ် နိုဝင်္ဘာလ ၈ ရက်နေ့တွင် မြန်မာမှ ဘင်္ဂလာရေပိုင်နက်အတွင်း ကျူးကျော်ပြီး ဂတ်(စ်)ရှာဖွေတူးဖေါ်သည်ဟု ဘင်္ဂလာအစိုးရမှ ကန့်ကွက်သဖြင့် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ရေပိုင်နက် အငြင်းပွားမှုကို စတင်ခဲ့သည်။
အပြည့်အစုံသို့
စစ်သားများ၏ ရိုက်ပုတ် ထိုးနက်မှုကိုခံရသူ ကိုထွန်းအေးနိုင် အခြေအနေဆိုးရွား
11/15/2008
မင်းပြားမြို့တွင် တန်ဆောင်းမုန်းလပြည့်နေ့က စစ်သားများ၏ ရိုက်ပုတ် ထိုးကြိတ်ခြင်း ကိုခံရသူ ကိုထွန်းအေးနိုင်၏ အခြေအနေမှာ အထူးစိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။ အပြည့်အစုံသို့
ရခိုင်အမျိုးသမီးများအစည်းအရုံး ၁၀နှစ်ပြည့် အခမ်းအနား ဒက္ကားတွင် ကျင်းပ
11/14/2008
မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) တည်ထောင်သည့် ၁၀နှစ်ပြည့် အခမ်းအနားကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့ မီပူရပ်ကွက်ရှိ ခန်းမတခုတွင် (ယနေ့) နိုဝင်္ဘာလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သည်။ အပြည့်အစုံသို့
မင်းပြားတွင် အရပ်သားများနှင့် စစ်သားများရန်ဖြစ်၍ လူပေါင်း ၂၀ ဆေးရုံတင်ရ
11/14/2008
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် တန်းဆောင်မုန်းလပြည်နေ့က အရပ်သားများနှင့် စစ်သားများ ရန်ဖြစ်သဖြင့် လူပေါင်း ၂၀ ကိုဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။ အပြည့်အစုံသို့
မြန်မာရေတပ် အနေနှင့် ဘင်္ဂလာရေတပ်ကို ယှဉ်နိုင်ရန် အခြေအနေမရှိကြောင်း စစ်ရေး လေ့လာသူများက ပြောဆို
11/13/2008
မြန်မာ နအဖ ရေတပ်အနေဖြင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်ကိုယှဉ်နိုင်ရန် အခြေအနေမရှိသဖြင့် အငြင်းပွား ပင်လယ်ရေပြင်ပိုင်နက်မှ ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း နယ်စပ်ဒေသမှ စစ်ရေး အကဲခတ် တဦးက ပြောသည်။ အပြည့်အစုံသို့